back

ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

Nov 11 • 1:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီးသည် နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကေ...

ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီးသည် နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာခဲ့သည်။ ၎င်းစစ်ရေယာဉ်များသည် တတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18