back

ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ဘဲအကောင်ရေ ၁၅ သိန်း ကူးစက်ခံရ

Nov 11 • 1:06 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ဘဲအကောင်ရေ ၁၅ သိန်း ကူးစက်ခံရ

ဂျပန်နိုင်ငံတွင် လက်ရှိ ကြက်ငှက်တုပ်ကွေးရောဂါ ရာသီချိန် စတင်ပြီးနောက် ရောဂါကူးစက်မှု စုစုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့ရာ ကူးစက်ခံရသည့် ကြက်ဘဲအကောင်ရေ စုစုပေါင်း ၁၅...

ဂျပန်နိုင်ငံတွင် လက်ရှိ ကြက်ငှက်တုပ်ကွေးရောဂါ ရာသီချိန် စတင်ပြီးနောက် ရောဂါကူးစက်မှု စုစုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့ရာ ကူးစက်ခံရသည့် ကြက်ဘဲအကောင်ရေ စုစုပေါင်း ၁၅ သိန်းအထိ ရှိခဲ့သည်။ နောက်ဆုံးဖြစ်ပွားမှုအဖြစ် နိုဝင်ဘာ ၉ ရက်နေ့တွင် Niigata ခရိုင်ရှိ ကြက်မွေးမြူရေးခြံတစ်ခု၌ ဖြစ်ပွားခဲ့ရာ ကြက်ကောင်ရေ ၂ သိန်း ၈ သောင်းခန့် အရေးပေါ် ရှင်းလင်းသုတ်သင်ခဲ့ရသည်။ ဤသည်မှာ Niigata ခရိုင်တွင် ဒုတိယအကြိမ် ဖြစ်ပွားမှုဖြစ်ပြီး၊ လက်ရှိရာသီ၏ ပထမဆုံးကူးစက်မှုမှာ အောက်တိုဘာ ၂၂ ရက်နေ့က ဟော့ကိုင်းဒိုးတွင် ဖြစ်ပွားခဲ့ရာ ကြက် ၄ သိန်း ၅ သောင်းခန့် ရှင်းလင်းသုတ်သင်ခဲ့ရကြောင်း သိရသည်။

news-view-count-icon

8