back

ထိုင်းစစ်သားများ မြေမြှုပ်မိုင်းထိပြီးနောက် ဝန်ကြီးချုပ် Anutin က ကမ္ဘောဒီးယား စစ်သုံ့ပန်း ၈ ဦး ပြန်လွှတ်ပေးရေး ရပ်ဆိုင်း

Nov 11 • 1:05 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းစစ်သားများ မြေမြှုပ်မိုင်းထိပြီးနောက် ဝန်ကြီးချုပ် Anutin က ကမ္ဘောဒီးယား စစ်သုံ့ပန်း ၈ ဦး ပြန်လွှတ်ပေးရေး ရပ်ဆိုင်း

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် Si Sa Ket ခရိုင်၊ Huai Ta Maria အနီးတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ကင်းလှည့်နေသော ထိုင်းစစ်သားများ မြေမြှုပ်မိုင်းနင်းမိ၍ စစ်သားနှစ်ဦး ဒဏ်...

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် Si Sa Ket ခရိုင်၊ Huai Ta Maria အနီးတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ကင်းလှည့်နေသော ထိုင်းစစ်သားများ မြေမြှုပ်မိုင်းနင်းမိ၍ စစ်သားနှစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကြောင့် ဝန်ကြီးချုပ် Anutin Charnvirakul က ကမ္ဘောဒီးယားနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်းထားရမည်ဟု မှတ်ချက်ပေးခဲ့သည်။ ရပ်ဆိုင်းမည့် လုပ်ငန်းစဉ်များတွင် စစ်သုံ့ပန်း ၈ ဦးကို လွှဲပြောင်းပေးရန် စီစဉ်ထားမှုလည်း ပါဝင်သည်။ ဝန်ကြီးချုပ် Anutin က ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံအပေါ် ရန်လိုမှုများနှင့် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေကြောင်း ပြသနေသည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသည့် ထိုင်းစစ်သားနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရပြီး နောက်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

12