ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ တောင်သူများသည် ၎င်းတို့၏ စိုက်ခင်းများတွင် လူကြိုက်များပြီး လတိုအတွင်း ရောင်းချနိုင်သည့် ပြောင်း(ချို) ကို စိုက်ပျိုးရာ၌ ဈေးနှုန်းကောင်းမွန်ကာ အရောင်းသွက်နေသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပြောင်းဖူးတစ်ဖူးလျှင် ၁,၀၀၀ ကျပ်ဖြင့် အရောင်းသွက်နေပြီး၊ ပြောင်းတစ်ထုပ် စိုက်ပျိုးစရိတ် ၂၅၀,၀၀၀ ကျပ်ခန့် ကုန်ကျသော်လည်း ပြောင်းဖူးပေါ်ချိန်တွင် အမြတ်ငွေ ၃၀၀,၀၀၀ ကျပ်ခန့် ရရှိသဖြင့် စိုက်ပျိုးစရိတ် မြင့်တက်သော်လည်း တောင်သူများ အကျိုးအမြတ် ရနေသည်။ ပြောင်း(ချို)ကို စိုက်ပျိုးကာလ ၃ လခန့်တွင် စတင်ဆွတ်ခူး ရောင်းချနိုင်ကြောင်းလည်း ဖော်ပြထားသည်။
Nov 11 • 1:04 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


