back

ရေဦးမြို့တွင် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

Nov 11 • 1:03 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ရေဦးမြို့တွင် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများတွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး ဇာတိမာန်များ ရှင်သန်နိုးကြားစေရန် ရည်ရွယ်၍ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ...

ကျောင်းသား၊ ကျောင်းသူများတွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး ဇာတိမာန်များ ရှင်သန်နိုးကြားစေရန် ရည်ရွယ်၍ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၉:၃၀ နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲကို "အမျိုးသားအောင်ပွဲနေ့မှ ထာဝရငြိမ်းချမ်းရေးဆီသို့" ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် (၂၀) ဦးနှင့် မူလတန်းဆင့် (၂၁) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ မွန်းလွဲပိုင်းတွင် ဆုပေးပွဲကျင်းပကာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

news-view-count-icon

17