back

ဘာစီလိုနာအသင်း နူးကမ့်ကွင်းသို့ ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့ကြောင်း မက်ဆီ Instagram တွင် ဖွင့်ဟ

Nov 11 • 1:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာစီလိုနာအသင်း နူးကမ့်ကွင်းသို့ ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့ကြောင်း မက်ဆီ Instagram တွင် ဖွင့်ဟ

အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူးနှင့် ဘာစီလိုနာအသင်း၏ ဂန္ထဝင်ကစားသမားဖြစ်သူ လီယွန်နယ် မက်ဆီသည် ၎င်းနှလုံးသားက လွမ်းဆွတ်နေသည့်နေရာဟုဆိုသော အသင်းဟောင်း နူးကမ့် (N...

အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူးနှင့် ဘာစီလိုနာအသင်း၏ ဂန္ထဝင်ကစားသမားဖြစ်သူ လီယွန်နယ် မက်ဆီသည် ၎င်းနှလုံးသားက လွမ်းဆွတ်နေသည့်နေရာဟုဆိုသော အသင်းဟောင်း နူးကမ့် (Nou Camp) ကွင်းအတွင်းသို့ မနေ့ညက သွားရောက်လည်ပတ်ခဲ့ကြောင်း Instagram တွင် ဖွင့်ဟခဲ့သည်။ မက်ဆီသည် ၂၀၂၁ နွေရာသီတွင် PSG သို့ မပြောင်းရွှေ့မီအထိ နူးကမ့်ကွင်းတွင် ကစားသမားဘဝ အကြီးမားဆုံး အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ ၎င်းက ''ဒီနေရာကို တစ်နေ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ နှုတ်ဆက်စကားပြောဖို့တင် မဟုတ်ပါဘူး'' ဟု ရေးသားခဲ့ခြင်းကြောင့် နူးကမ့်ကွင်းသစ် ဖွင့်ပွဲပြုလုပ်မည့် ၂၀၂၆ ခုနှစ်နောက်ပိုင်းတွင် မက်ဆီ ပြန်လာမည့် အခြေအနေကို စောင့်ကြည့်ရမည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။

news-view-count-icon

19