ထိုင်းတော်ဝင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုခ်ခရစ် ဘွန်တနွန်ထာက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ 'ရန်သူ' မဟုတ်ကြောင်း ရိုးသားစွာ ထင်ရှားပြသခြင်း မပြုမချင်း၊ ထိုင်းတော်ဝင်တပ်မတော်သည် သဘောတူညီချက်များအားလုံးကို ဆိုင်းငံ့လိုက်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ ၎င်း၏ကြေညာချက်တွင် ထိုင်းတော်ဝင်တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကိုလည်းကောင်း၊ ထိုင်းလူမျိုးအားလုံး၏ ကောင်းကျိုးချမ်းသာကိုလည်းကောင်း ထိန်းသိမ်းရန် အသင့်ရှိပါသည်ဟု ဖော်ပြထားသည်



