မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ချင်းလူငယ် ၁ ဦး သည် ၎င်းအလုပ်လုပ်နေသည့် ၁၂ ထပ်တိုက်ပေါ်မှ ပြုတ်ကျ၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးခဲ့သူမှာ မလေးရှားနိုင်ငံ၊ Johor Bahru တွင် အလုပ်လုပ်ကိုင်နေစဥ် ၁၂ ထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၃ ရက်အကြာ နိုဝင်ဘာ ၈ ရက်နေ့တွင် သေဆုံးခဲ့သည်။သေဆုံးမှုနှင့်ပတ်သတ်၍ မလေးရှားနိုင်ငံရှိ လောက်တူ ခရစ်ယာန်အသင်းက ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ရုပ်အလောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြေမြှုပ်သင်္ဂြိုလ်သွားမည်ဟု ဖော်ပြထားသည်။



