back

တရုတ်ဝယ်လိုအားကြောင့် ဆန်တန်ချိန် ၃ သန်း တင်ပို့မှု ပြည့်မီနိုင်ရေး ရည်မှန်း

Nov 10 • 4:28 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်ဝယ်လိုအားကြောင့် ဆန်တန်ချိန် ၃ သန်း တင်ပို့မှု ပြည့်မီနိုင်ရေး ရည်မှန်း

တရုတ်နိုင်ငံရဲ့ ဝယ်လိုအားမြင့်မားမှု၊ EU က ပေးအပ်ထားတဲ့ အကောက်အခွန်အားသာချက်တွေနဲ့ ရေရှည်တည်တံ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ယခုဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ သ...

တရုတ်နိုင်ငံရဲ့ ဝယ်လိုအားမြင့်မားမှု၊ EU က ပေးအပ်ထားတဲ့ အကောက်အခွန်အားသာချက်တွေနဲ့ ရေရှည်တည်တံ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ယခုဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူက ပြောပါတယ်။အောက်တိုဘာလကနေ ဇန်နဝါရီလအထိ မိုးစပါးရိတ်သိမ်းရာသီကို ဝင်ရောက်လာတာနဲ့အမျှ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိနေချိန် တစ်နှစ်တာရည်မှန်းချက်ကို ပြည့်မီစေဖို့ တင်ပို့မှုတွေကို အရှိန်မြှင့်တင်သွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပတယ်။MRF ရဲ့ ထုတ်ပြန်ချက်အရ ပထမ ၆ လအတွင်း ဆန်နဲ့ ဆန်ကွဲ နှစ်မျိုးစလုံးက တရုတ်နိုင်ငံတစ်ခုတည်းက အရေအတွက်အများဆုံး ဝယ်ယူထားတာကို တွေ့ရပါတယ်။S&P Global Platts ရဲ့ မြန်မာဆန်ဖြူ ၅ မှတ်ဆန်ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀ ၊ B1/B2 ဆန်ကွဲကို တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၂၇၀ နဲ့ တန်ဖိုးဖြတ်ခဲ့ပါတယ်။





news-view-count-icon

19