မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီး၏ လမ်းကြောင်းအချို့တွင် ပိတ်ဆို့မှုများ ဆက်လက်ရှိနေသော်လည်း ခရိုင်ချင်းဆက်လမ်းပိုင်းများကိုပါ အသုံးပြုကာ ယာဉ်များ ပုံမှန်အတိုင်း ဆက်လက်သွားလာနေကြကြောင်း ဒေသခံယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။သွားလာနိုင်သည့် လမ်းကြောင်းများနှင့် လမ်းလွှဲများမှာ ခရိုင်ချင်းဆက်လမ်းပိုင်း ကိုပါ ယာဉ်များ အသုံးပြု၍ သွားလာနေကြသည်။ရွှေဘို-ဆိပ်ခွန်-နောင်ကြီးအိုင်-အရာတော်-ငါကင်း-မလဲသာ-ပဲကူရွာ-မြင်းမူ-ထီးဆောင်း-အုန်းတော-စစ်ကိုင်း-မန္တလေး လမ်းပိုင်းအတိုင်း ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် အခြားယာဉ်များ ဆက်လက်သွားလာနိုင်နေဆဲ ဖြစ်သည်။ရွှေဘိုမြို့ရှောင်လမ်းပိုင်းကိုလည်း ယာဉ်များ အတက်အဆင်း သွားလာနေကြသည်။
ဤသို့ လမ်းကြောင်းများစွာမှ သွားလာနိုင်ခြင်းကြောင့် ခရီးသည်များနှင့် ကုန်စည်များ ဆက်လက်စီးဆင်းနေပြီး၊ ခရီးသွားပြည်သူများအားလုံး လမ်းခရီးမှာ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေရန် မေတ္တာပို့သပါသည်။



