back

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော်ပြီးနောက် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှု ဆက်လက်ပြုလုပ်နေ

Nov 10 • 4:25 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော်ပြီးနောက် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှု ဆက်လက်ပြုလုပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ပြီးနောက်ပိုင်း ယနေ့‌‌မနက် ၁၀ နာရီခွဲဝန်ကျင်အချိန် စူဠာမုနိဘုရားအနီး လမ်းစုံတွင် အဖွဲ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ပြီးနောက်ပိုင်း ယနေ့‌‌မနက် ၁၀ နာရီခွဲဝန်ကျင်အချိန် စူဠာမုနိဘုရားအနီး လမ်းစုံတွင် အဖွဲ့စုံ လိုင်စင်မဲ့ ယာဥ်များစစ်ဆေးဖမ်းဆီးနေသည်။ထို့ပြင် တောင်ကြီးတွင် ဈေးနေ့မှ မဟုတ်ပဲ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာ၌ ဖမ်းဆီးမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားများဖမ်းမိပါက ပြန်ရွေးခွင့်မရရှိ ကြောင်းနှင့် ဆိုင်ကယ် ဘက်မှန်၊ နံပါတ်ပြား၊ ဆိုင်ကယ်ဦးထုပ် မဆောင်းမပါကဖမ်းဆီးခံ ရကြောင်းသိရသည်။





news-view-count-icon

12