နို၀င်ဘာလ ၈ ရက်နေ့က မကွေးမြို့နယ် ကန်ပြားရွာမှာနေထိုင်တဲ့ ဦးနေဦးဆိုသူဟာ ဇနီးဖြစ်သူရှိရာ အုပ်သျှစ်ကုန်းကျေးရွာကို ရုံးကုန်း-ကွမ်းအုံလမ်းကနေ ဆိုင်ကယ်နဲ့ထွက်လာခဲ့ပြီး ရုံးကုန်းကျေးရွာနားအရောက်မှာ မြေမြှုပ်မိုင်းနင်းမိရာက ပေါက်ကွဲခဲ့ပြီး မိုင်းစထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မိုင်းစထိမှန်တာကြောင့် ဦးနေဦး အသက် ၃၇ ဟာ နောက်ကျောကနေရင်ဘက်ထိ ပွင့်ထွက်ဒါဏ်ရာနဲ့ သေဆုံးခဲ့ပြီး ဘယ်အဖွဲ့က ထောင်ထားတယ်ဆိုတာကိုတော့ မသိရဘူးလို့ပြောပါတယ်။



