မလေးရှားတွင် စားအုန်းဆီ လက်ကျန်သိုလှောင်မှုမှာ အောက်တိုဘာလကုန်တွင် ရှစ်လဆက်တိုက်အဖြစ် မြင့်တက်ခဲ့ပြီး ခြောက်နှစ်ခွဲအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ပြည်ပတင်ပို့မှု ပိုမိုများပြားခဲ့သော်လည်း ထုတ်လုပ်မှုသည် ၁၀ နှစ်တာတွင် အများဆုံး ဖြစ်ခဲ့သဖြင့် လက်ကျန် ပိုများသွားစေခဲ့သည်။ မလေးရှား၏ စားအုန်းဆီ လက်ကျန်သိုလှောင်မှုမှာ အောက်တိုဘာလတွင် ယခင်လထက် ၄.၄၄% မြင့်တက်ခဲ့ပြီး တန်ချိန် ၂.၄၆ သန်းရှိသည်။ စားအုန်းဆီ ပြည်ပတင်ပို့မှုသည် ယခင်လထက် ၁၈.၅၈% မြင့်တက်ပြီး တန်ချိန် ၁.၆၉ သန်း ရှိသည်။



