Xiaomi EV သည် မှာကြားထားသူများထံ လစဉ်ပေးပို့ အစီးရေကို အတိအကျ ထုတ်ပြန်ခြင်း မပြုချေ။ သောင်းပြည့် ဂဏန်းဖြင့်သာ ကြေညာလေ့ရှိသည်။ အောက်တိုဘာတွင် ပေးပို့အစီးရေ ၄၀,၀၀၀ ကျော်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association(CPCA) မှ တနင်္လာနေ့ (နိုဝင်ဘာ ၁၀)တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် Xiaomi EV သည် အောက်တိုဘာလတွင် စံချိန်တင် ၄၈,၆၅၄ စီး ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။ လစဉ် အစီးရေ ၄ သောင်းကျော် ပေးပို့သည်မှာ ၂ လ ဆက်တိုက် ရှိပြီဖြစ်ပြီး အစီးရေ ၅ သောင်းရေချိန်နှင့် နီးစပ်နေပြီ ဖြစ်သည်။



