back

ယူအက်စ်သင်္ဘောများအတွက် တရုတ် အထူးဆိပ်ကမ်းကပ်ခ တစ်နှစ်ဆိုင်းငံ့

Nov 10 • 4:09 PM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအက်စ်သင်္ဘောများအတွက် တရုတ် အထူးဆိပ်ကမ်းကပ်ခ တစ်နှစ်ဆိုင်းငံ့

တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် အမေရိကန်လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် သို့မဟုတ် လုပ်ငန်းလည်ပတ်နေသည့် သင်္ဘောများအ...

တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် အမေရိကန်လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် သို့မဟုတ် လုပ်ငန်းလည်ပတ်နေသည့် သင်္ဘောများအတွက် အထူးဆိပ်ကမ်းကပ်ခကို တစ်နှစ်ဆိုင်းငံ့လိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ အခကြေးငွေဆိုင်းငံ့မှုသည် နိုဝင်ဘာလ ၁၀ ရက် တနင်္လာနေ့ မွန်းလွဲ ၁ နာရီ ၁ မိနစ်တွင် စတင်အကျိူးသက်ရောက်ခဲ့သည်။ အဆိုပါ ဆောင်ရွက်ချက်များသည် မကြာသေးမီက မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်တွင် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ကျင်းပပြုလုပ်ခဲ့သော တရုတ်-အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဆွေးနွေးပွဲတွင်ရရှိခဲ့သော သဘောတူညီချက်နှင့် ကိုက်ညီကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။




news-view-count-icon

1