back

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် အစိုးရဝန်ထမ်းတစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံး

Nov 10 • 7:02 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် အစိုးရဝန်ထမ်းတစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံး

ယနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကင်ပွန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသ...

ယနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကင်ပွန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် ပျဉ်းမနားမြေစာရင်းရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ကနဦးသိရှိရပြီး၊ ၎င်း၏ ရုပ်အလောင်းအား မိုးစေတနာပရဟိတအသင်းမှ ပျဉ်းမနားမြို့ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ သို့သော်လည်း အဆိုပါ အမျိုးသား ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရခြင်း အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း ပရဟိတအဖွဲ့မှ ပြောကြားခဲ့သည်။

news-view-count-icon

20