အကောက်ခွန်ဦးစီးဌာနသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အတွင်း ဖမ်းဆီးရမိခဲ့သော လိုင်စင်မဲ့/အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင် မော်တော်ယာဉ် ၄၇၀ ပေါ်မှ ကုန်ပစ္စည်းအများစုကို ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည်ရွေးယူခွင့်ပြုလိုက်ကြောင်း သိရသည်။ ဒဏ်ကြေးပေးဆောင်ရမည့်နှုန်းထားများကို ကုန်ပစ္စည်းအမျိုးအစားအလိုက် ဒဏ်ကြေးနှစ်ဆ၊ တစ်ဆ၊ ဆဝက်၊ ၀.၇၅ ဆ စသည်ဖြင့် သတ်မှတ်ထားသည်။ ဒဏ်ကြေးဖြင့် ပြန်ထုတ်ယူနိုင်သည့် ပစ္စည်းများတွင် ဆေးဝါး၊ စားသုံးဆီ၊ လယ်ယာသုံးပစ္စည်း၊ စားသောက်ကုန်၊ စက်မှုကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်း၊ ယာဉ်/စက်ပစ္စည်း အပိုပစ္စည်းများ၊ ဒီဇယ်/ဓာတ်ဆီ/ဓာတ်မြေဩဇာနှင့် ဆက်သွယ်ရေးပစ္စည်းများ အပါအဝင် အခြားကုန်ပစ္စည်းများစွာ ပါဝင်သည်။ သို့သော် Vape၊ စီးကရက်၊ ဘီယာ၊ ဖဲထုပ် စသည့် ကုန်သွယ်ခွင့် ကန့်သတ်/တားမြစ်ထားသော ပစ္စည်းများကိုမူ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုဖြင့် ဖမ်းဆီးထားသော ကုန်ပစ္စည်းအများစုကို ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည်ထုတ်ယူခွင့်ပြု
Nov 10 • 7:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 83 | 0 | 0 | 0 |


