နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ ပလန်ဖေ ကျေးရွာအနီး၌ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦး လိုက်ပါလာသော ပစ်ကပ်ကားတစ်စီးသည် ရဲတပ်ဖွဲ့၏ စစ်ဆေးရန် ရပ်တန့်ခိုင်းမှုကို ရှောင်ရှားကာ မောင်းပြေးရင်း ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်အပြီးတွင် အဆိုပါ မြန်မာနိုင်ငံသား ၂၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း စံခလဘူရီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
Nov 10 • 6:59 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


