ထိုင်းနှင့် မြန်မာပရိသတ်များ၏ ချစ်ခင်မှုကို ရရှိထားသည့် နာမည်ကြီး ထိုင်းမင်းသမီးချော Mai Davika သည် ၎င်း၏ချစ်သူ မင်းသားချော Ter Chantavit နှင့် နိုဝင်ဘာ ၉ ရက်နေ့တွင် တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့စုံတွဲသည် ချစ်သူသက်တမ်း ၇ နှစ်အကြာ၊ ဇွန်လ ၁၁ ရက်နေ့က စေ့စပ်ခဲ့ကြပြီး၊ Ter က Mai ကို ၁၅ ကာရက်ရှိ စိန်လက်စွပ်ကြီးဖြင့် လက်ထပ်ခွင့်တောင်းခဲ့သည်။ မင်္ဂလာပွဲအခမ်းအနားကို မိသားစု၊ ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့်အတူ သီးသန့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံများ ပျံ့နှံ့လာမှသာ ပရိသတ်များက လက်ထပ်သွားကြောင်း သိခဲ့ရခြင်းဖြစ်သည်။

Nov 10 • 6:57 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 56 | 0 | 0 | 0 |


