back

မြန်မာငလျင်တွင် ကူညီခဲ့သည့် ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့ ရဟတ်ယာဉ်ပျက်ကျ၊ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

Nov 10 • 6:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာငလျင်တွင် ကူညီခဲ့သည့် ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့ ရဟတ်ယာဉ်ပျက်ကျ၊ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်က ကာမယ်ဂီမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအကူအညီများ ပေးရန် ပျံသန်းထွက်ခွာသွားသည့် ဖိလစ်ပိုင်နိုင...

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်က ကာမယ်ဂီမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအကူအညီများ ပေးရန် ပျံသန်းထွက်ခွာသွားသည့် ဖိလစ်ပိုင်နိုင်ငံလေတပ်မှ အမှတ် (၅၀၅) ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံအရှေ့တောင်ဘက်တွင် ပျက်ကျခဲ့ရာ တပ်ဖွဲ့ဝင် ၆ ဦးလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းအဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မန္တလေးငလျင်လှုပ်ခတ်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်ကူညီပေးခဲ့ဖူးသည်။ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်သယ်ယူကာ လေတပ်အခြေစိုက်စခန်းတွင် အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ကျဆုံးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို နှစ်သိမ့်အားပေးခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးသွားမည်ဟု ဖိလစ်ပိုင်လေတပ်က ထုတ်ပြန်ထားသည်။

news-view-count-icon

23