မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းနယ်မြေ၊ မဟာမြိုင်ရပ်ကွက်၊ မဟာမြိုင် (၇) လမ်းထိပ်တွင် နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်က အမည်မသိ သေနတ်သမားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်မှနေ၍ သေနတ်ဖြင့် လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကျန်လူတစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်တွင် သေနတ်ဖြင့်လာရောက် ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ
Nov 10 • 7:50 AM
မြန်မာ
မွန်
မျှဝေမည်
| 35 | 0 | 0 | 0 |


