back

ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် WiFi ပြတ်တောက်မှုနှင့် VPN အသုံးပြုမှုများ အခက်အခဲကြုံတွေ့နေရ

Nov 10 • 5:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် WiFi ပြတ်တောက်မှုနှင့် VPN အသုံးပြုမှုများ အခက်အခဲကြုံတွေ့နေရ

နိုဝင်ဘာ ၁၀ ရက်နေ့အထိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အိမ်သုံး WiFi အင်တာနက်လိုင်းများ ပြတ်တောက်မှု သို့မဟုတ် လိုင်းကျဆင်းမှုကို တစ်ပတ်ကျော်ကြာမြင့်သည်အထိ...

နိုဝင်ဘာ ၁၀ ရက်နေ့အထိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အိမ်သုံး WiFi အင်တာနက်လိုင်းများ ပြတ်တောက်မှု သို့မဟုတ် လိုင်းကျဆင်းမှုကို တစ်ပတ်ကျော်ကြာမြင့်သည်အထိ ဆက်လက်ကြုံတွေ့နေရကြောင်း သုံးစွဲသူများက ပြောကြားခဲ့သည်။ အစောပိုင်းတွင် ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ် ချို့ယွင်းချက်ကြောင့်ဟု ကုမ္ပဏီများက ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ တိကျသော ထုတ်ပြန်ဖြေရှင်းမှု မရှိသေးပေ။ ထို့အပြင် မိုဘိုင်းအင်တာနက်များတွင်လည်း VPN အမျိုးအစားအများစု ချိတ်ဆက်၍ မရသည့် အခက်အခဲများပါ ကြုံတွေ့နေရသဖြင့် အွန်လိုင်းသုံးစွဲရမှုတွင် ပြဿနာနှစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

news-view-count-icon

23