ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် နိုဝင်ဘာ ၉ ရက်နေ့တွင် အင်းတကော်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်။ အထွေထွေရောဂါသမားတော်၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု အပါအဝင် အထူးကုဆရာဝန်ကြီးများနှင့် ဝန်ထမ်းများက စုစုပေါင်း လူနာ (၇၀၀) ဦးကျော်အား ကျန်းမာရေးစစ်ဆေးကုသပေးခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ဇနီးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ပြသသူများအား နေ့လည်စာထမင်းဘူးနှင့် ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ကာ၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 10 • 5:57 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 20 | 0 | 0 | 0 |


