ဖန်ဝန်းအမည်ရှိ အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းသည် နိုဝင်ဘာ ၉ ရက်တွင် စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး အမြင့်ဆုံးအဆင့်ဖြစ်သည့် အဆင့် (၅) အဖြစ် သတ်မှတ်ခဲ့သည်။ လက်ရှိ တစ်နာရီလေတိုက်နှုန်း ၁၄၃ မိုင်အထိရှိသည့် ဤမုန်တိုင်းကြောင့် ဖိလစ်ပိုင်တာဝန်ရှိသူများက နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ ပြည်သူတစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ ဖိလစ်ပိုင်မိုးလေဝသဗျူရို၏ ခန့်မှန်းချက်အရ ဖန်-ဝန်းစူပါတိုင်ဖွန်းသည် နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် လူဇွန်ကျွန်းအလယ်ပိုင်း အော်ရိုရာပြည်နယ်သို့ ကုန်းတွင်းဝင်ရောက်ဖွယ်ရှိသည်။ ယခင်က ကယ်လ်မေဂီတိုင်ဖွန်းကြောင့် လူပေါင်း ၂၀၄ ဦး သေဆုံးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဖန်-ဝန်းမုန်တိုင်း၏ အန္တရာယ်ကို ထပ်မံရင်ဆိုင်နေရခြင်းဖြစ်ပြီး၊ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ဖန်ဝန်း တိုင်ဖွန်းမုန်တိုင်း စူပါတိုင်ဖွန်းအဖြစ် အားကောင်းလာ၍ ဖိလစ်ပိုင်တွင် လူ ၁ သန်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း
Nov 10 • 5:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


