မန္တလေးဈေးကွက်အတွင်းသို့ ထန်းပင်မြစ်များ ဝင်ရောက်မှု နည်းပါးခြင်းကြောင့် လက်ရှိတွင် ဈေးကောင်းရရှိနေကြောင်း ဒေသခံဈေးသည်များက ပြောကြားသည်။ ထန်းမြစ်များကို အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် ငါန်းဇွန်၊ မြို့သာ၊ မြင်းခြံ၊ ပုဂံ၊ ညောင်ဦး ဒေသများ၌ နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် ထန်းမြစ်မဖောက်နိုင်ခြင်းနှင့် သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှု လျော့နည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် လက်လီဈေးကွက်အတွင်း ထန်းပင်မြစ် အချောင်း ၁၀၀ လျှင် ငွေကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ ကြားအထိ ဈေးနှုန်းရှိနေကြောင်း သိရသည်။
Nov 10 • 5:53 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 71 | 0 | 0 | 0 |


