နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၆ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် (၁၀၁/၇) နှင့် (၁၀၂/၀) ကြားတွင် SUZUKI ERTIGA (အဖြူရောင်) အမျိုးအစား ယာဉ်တစ်စီးသည် ရှေ့ဘီးပေါက်၍ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စုစုပေါင်း လူ ၆ ဦးအနက် ကလေး (ကျား) ၁ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးသူအား ၁၁၅ မိုင် ကြက်ခြေနီအသင်းယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Nov 10 • 5:52 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


