back

တရုတ်သမ္မတ ရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲမတိုင်မီ နိုင်ငံ့ဂုဏ်ထူးဆောင် အားကစားသမားများအား တွေ့ဆုံဂုဏ်ပြု

Nov 10 • 5:51 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်သမ္မတ ရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲမတိုင်မီ နိုင်ငံ့ဂုဏ်ထူးဆောင် အားကစားသမားများအား တွေ့ဆုံဂုဏ်ပြု

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၉ ရက်နေ့က ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင...

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၉ ရက်နေ့က ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီ အမျိုးသားလူထုအားကစားနှင့် ပြိုင်ဆိုင်မှုဆိုင်ရာ အားကစားပြိုင်ပွဲများမှ စံပြအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များကို တွေ့ဆုံဂုဏ်ပြုခဲ့သည်။ CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတရှီကျင့်ဖိန်က နိုင်ငံ့ဂုဏ်ထူးဆောင်များအား ချီးကျူးဂုဏ်ပြုခဲ့ပြီး မိမိတို့၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ တက်လှမ်းမှုအသစ်များ ရရှိအောင် ကြိုးစားအားထုတ်ကြရန်နှင့် တရုတ်နိုင်ငံကို အားကစားအင်အားကြီးနိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲတည်ဆောက်ရေးတွင် အကျိုးပြုကြရန် တိုက်တွန်းခဲ့သည်။ ၎င်းသည် ကွမ်ကျိုး ပိုင်ယွင်နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာသို့ ရောက်ရှိလာချိန်၌ နွေးထွေးစွာ ကြိုဆိုခံခဲ့ရပြီး ကိုယ်စားလှယ်များနှင့် အဖွဲ့လိုက် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

14