ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၃ ဦးကို ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ မြန်မာသံရုံးက ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ၎င်းတို့ ၃ ဦးကို နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ရီရတ်ဒ်-ဘန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် အောင်မြင်စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Nov 10 • 5:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


