မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုဝင်ဘာလအစမှ ယနေ့ (နိုဝင်ဘာ ၁၀ ရက်) အထိ အခါလွန်မိုးများ ဆက်တိုက်ရွာသွန်းနေခြင်းကြောင့် လယ်ကွက်များ၌ ရေတင်ကာ စပါးပင်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ရိတ်သိမ်းခါနီးစပါးများ ရေနစ်နေသဖြင့် ရိတ်သိမ်းရန် အခက်အခဲကြုံနေရခြင်း၊ ရိတ်သိမ်းပြီးပါကလည်း လှန်းရန် နေရောင်ခြည်မရနိုင်ခြင်းတို့ကြောင့် လယ်သမားများမှာ အရှုံးပေါ်နေကြောင်း ဖော်ပြထားသည်။
Nov 10 • 5:48 AM
မြန်မာ
မွန်
မျှဝေမည်
| 39 | 0 | 0 | 0 |


