ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးတွင် ရောက်ရှိနေသည့် ဝုလ်ဗ်အသင်းသည် နည်းပြဟောင်း ဗစ်တာပါရဲရားကို ရာထူးမှ ထုတ်ပယ်ပြီးနောက် မစ်ဒယ်ဘရော့ အသင်းမှ အင်္ဂလန်နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ၃ နှစ်ခွဲ စာချုပ်ဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ ၄၂ နှစ်အရွယ် ရော့ဘ်အက်ဒ်ဝပ်စ်သည် ဝုလ်ဗ်အသင်း၏ ကစားသမားဟောင်းနှင့် ယာယီနည်းပြဟောင်းတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် မစ်ဒယ်ဘရော့အသင်းကို ဇွန်လကမှ စတင်ကိုင်တွယ်ခဲ့သော်လည်း ယခုအခါ ဝုလ်ဗ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ရာ ဝုလ်ဗ်အသင်းက မစ်ဒယ်ဘရော့အသင်းကို ပေါင် ၃ သန်း လျော်ကြေး ပေးချေခဲ့ရပြီး နည်းပြအက်ဒ်ဝပ်စ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမည်ဟု သိရသည်။

ဝုလ်ဗ်အသင်း နည်းပြသစ်အဖြစ် မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်ကို ၃ နှစ်ခွဲ စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိ
Nov 10 • 5:47 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 44 | 0 | 0 | 0 |


