မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံမြို့ဟောင်းတွင် တည်ရှိသော ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ မတ်လမှ အောက်တိုဘာလအထိ ရှစ်လအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၂၇,၅၄၆) ဦး ဝင်ရောက်လေ့လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထံမှ ပြတိုက်ဝင်ကြေးအဖြစ် ကျပ် ၂၉,၃၁၉,၀၀၀ ရရှိခဲ့ကြောင်း သိရသည်။ ပုဂံပြတိုက်ကို ရှေးဦးစွာ ၁၉၀၄ ခုနှစ်တွင် အာနန္ဒာဘုရားမြောက်ဘက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရှေးဟောင်းပစ္စည်းများ များပြားလာသဖြင့် ၁၉၇၉ ခုနှစ်တွင် ကန်တော့ပလ္လင်ဘုရားတောင်ဘက်၌ နှစ်ထပ်အဆောက်အအုံဖြင့် ပြတိုက်သစ်ကို အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပြတိုက်ကို တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ထားကြောင်း သိရသည်။



