စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ရွှေမင်းဝံဈေး၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်းပြီး မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းက ကူညီကာ မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ကို စတင်တည်ဆောက်လျက်ရှိသည်။ ယင်းဈေးရုံသစ်သည် အလျား၊ အနံ ပေ ၁၀၀ စီရှိသည့် Steel Structure တစ်ထပ်အဆောက်အအုံဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကာ လုပ်ငန်းများ စံချိန်စံညွှန်းမီပြီး အချိန်မီပြီးစီးရေးကို မှာကြားခဲ့သည်။ ထို့အပြင် တိုင်းဝန်ကြီးချုပ်သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့မဈေးကြီး၊ ဆေးရုံဝန်းအတွင်းရှိ ဆေးသိုလှောင်ရုံသစ်နှင့် လမ်းများ အဆင့်မြှင့်တင်မှု လုပ်ငန်းခွင်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



