မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် ရန်ကုန်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့သည်။ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်သော မကြိုင် (၃၆ နှစ်) နှင့် မခင်ဖြိုးဝေ (၂၆ နှစ်) တို့ သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၁၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၂၀)၊ မြန်မာငွေကျပ် ၃.၉၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေဖြင့် အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
| 21 | 0 | 0 | 0 |


