ဘာစီလိုနာအသင်း၏ ပိုလန်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးသည် ဆဲလ်တာဗီဂိုနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းကြောင့် ဘရာဇီးလ်တိုက်စစ်မှူး နေမာ ဘာစီလိုနာ၌ ကစားခဲ့စဉ်က သွင်းယူခဲ့သော စုစုပေါင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ နေမာသည် ဘာစီလိုနာတွင် (၄) ရာသီကြာ (၁၈၆) ပွဲ ကစားခဲ့ပြီး (၁၀၅) ဂိုး သွင်းယူခဲ့သည်။ လီဝန်ဒေါစကီးသည်လည်း ၎င်း၏ (၄) ရာသီမြောက် ဘာစီလိုနာကစားသမားဘဝတွင် (၁၅၉) ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ (၁၀၈) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာကြောင့် တစ်လကြာ အနားယူခဲ့ရပြီး ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့သည့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ လာလီဂါတွင် တတိယမြောက် ဟက်ထရစ်လည်း ဖြစ်သည်။
Nov 10 • 4:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


