ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်၊ ပေါ်တော်မူလမ်းပေါ်တွင် နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်က Wifi ကြိုးများ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် မီးကို လုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ကြိုးအချို့ ပျက်စီးဆုံးရှုံးမှုမှအပ ကြီးမားသော ထိခိုက်မှုများ မရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Nov 10 • 4:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


