မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့၊ ညနေ ၄:၃၀ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် (၁၁)၊ လားရှိုး-နမ္မတူသွား ကားလမ်းပေါ်တွင် သတင်းအရ မော်တော်ဆိုင်ကယ် မောင်းနှင်လာသည့် စိုင်းနွံခေး (ခ) စိုင်းအန် (၃၆ နှစ်) အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၃၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ စိုင်းနွံခေး (ခ) စိုင်းအန်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Nov 10 • 4:05 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


