နိုဝင်ဘာ ၁၀ ရက်နေ့ ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများတွင် ငါးပုတ်သင်ခြောက် (၃,၀၀၀ ကျပ်)၊ ငါးပုတ်သင်ခွဲပြားခြောက် (၃,၅၀၀-၄,၀၀၀ ကျပ်) နှင့် ငါးတံခွန်ခြောက် (၃,၀၀၀-၃,၅၀၀ ကျပ်) တို့ကို တစ်ဆယ်သားဈေးများဖြင့် ပေါပေါများများ တွေ့ရှိရသည်။ စားသုံးသူများပြားသည့် ငါးနီတူခြောက် (၄,၀၀၀-၄,၅၀၀ ကျပ်) နှင့် အာပြဲခြောက် (၅,၀၀၀-၆,၀၀၀ ကျပ်) တို့မှာလည်း ရှိနေသည်။ ကျန်ငါးခြောက်ဈေးနှုန်းများမှာ ပုံမှန်အမြင့်ဈေးနှုန်းများအတိုင်း ရှိသော်လည်း ငါးမြွေထိုးခြောက် (၆,၅၀၀ ကျပ်)၊ ငါးရံ့ခွဲပြားခြောက် (၁၃,၀၀၀ ကျပ်) နှင့် ငါးရံ့လုံးခြောက် (၁၀,၀၀၀ ကျပ်) တို့သည် ယခင်ထက် ဈေးနှုန်းများ မြင့်တက်ခဲ့သည်။ ပုစွန်ခြောက်ဈေးနှုန်းများကမူ အမျိုးအစားအလိုက် တစ်ဆယ်သားလျှင် ၁၂,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်နှင့်အထက် အမြင့်ဈေးများဖြင့်သာ ရှိနေကြောင်း သိရသည်။
Nov 10 • 4:03 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 37 | 0 | 0 | 0 |


