ကျောက်ဖယားဆည်မှ ရေလွှတ်နှုန်းကို တစ်စက္ကန့်လျှင် ကုဗမီတာ ၂,၈၀၀ အထိ တိုးမြှင့်လိုက်ခြင်းကြောင့် အယုဒ္ဓယခရိုင်တစ်ဝှမ်းတွင် ရေကြီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး သမိုင်းဝင် မြို့တော်ကျုံးမှ ရေများလျှံထွက်ကာ လူနေရပ်ကွက်များအထိ ရေဝင်ရောက် လွှမ်းမိုးလျက်ရှိသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပြီး ခရိုင် ၁၁ ခု၊ မြို့နယ်ခွဲ ၁၄၃ ခုနှင့် ကျေးရွာ ၉၄၅ ရွာမှ အိမ်ထောင်စုပေါင်း ၅၈,၄၇၇ စု (၆ သောင်းနီးပါး) ရေဘေးသင့်နေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးရုံး၏ အစီရင်ခံစာအရ သိရသည်။ အဆိုပါ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ ကျောက်ဖယားဆည်မှ ရေလွှတ်တိုးမြှင့်၍ အယုဒ္ဓယ၌ အိမ်ထောင်စု ၆ သောင်းနီးပါး ရေဘေးသင့်၊ လူ ၁၄ ဦး သေဆုံး
Nov 10 • 4:02 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


