တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ တစ်ရာနီးပါး တင်ဆောင်လာသည်ဟု ယူဆရသော သင်္ဘောတစ်စင်းသည် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ပင်လယ်ပြင်၌ တိမ်းမှောက်သွားခဲ့ရာ လက်ရှိအချိန်အထိ လူ ၁ ဦး သေဆုံးကာ ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ ရေကြောင်းတရားဥပဒေစိုးမိုးရေး အေဂျင်စီက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ခန့်သည် မလေးရှားနယ်စပ် တရားဥပဒေစိုးမိုးရေးဌာန၏ တားဆီးမှုကို ရှောင်ရှားရန်အတွက် မလေးရှားပင်လယ်ပြင်နှင့် နီးကပ်လာချိန်တွင် သုံးသုတ်ခွဲ၍ သင်္ဘောငယ်များသို့ ပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဒေသန္တရ ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေးအေဂျင်စီနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လှုပ်ရှားမှုများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းများက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို လူကုန်ကူးသည့် ပစ်မှတ်များအဖြစ် အသုံးပြုကာ အန္တရာယ်များသော ပင်လယ်ရေကြောင်းလမ်းမှ သွားလာမှုများ ပိုမိုများပြားလာကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Nov 10 • 3:58 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


