လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ သည် မန်စီးတီးနှင့် (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဗန်ဒိုက်၏ (၁-၁) ဂိုးဖြစ်စေမည့် ခေါင်းတိုက်ဂိုးကို VAR ဖြင့် လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရခြင်းအပေါ် မှားယွင်းသော ဆုံးဖြတ်ချက်ဟု မြင်သော်လည်း ရှုံးနိမ့်မှုအတွက် ဆင်ခြေအဖြစ် အသုံးမပြုလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဂိုးကို လူကျွံအနေအထားတွင်ရှိသော ရောဘတ်ဆန်က မန်စီးတီးဂိုးသမား ဒွန်နာရမ်မာ၏ မြင်ကွင်းကို ကွယ်နေခဲ့သည်ဟု သတ်မှတ်ကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ဤရှုံးပွဲကြောင့် လီဗာပူးလ်သည် အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ ဆင်းပေးခဲ့ရပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၈ မှတ်အထိ ကွာဟသွားခဲ့ကာ Big Six အသင်းများထဲတွင် ရပ်တည်မှု အနိမ့်ဆုံး ဖြစ်သွားခဲ့သည်။ နည်းပြဆလော့ကမူ လက်ရှိတွင် ချန်ပီယံပြေးလမ်းထက် ရလဒ်ကောင်းများ ပြန်လည်ရရှိရန် ပထမဆုံး အာရုံစိုက်သင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။
VAR ဆုံးဖြတ်ချက်မှားယွင်းသော်လည်း ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
Nov 10 • 3:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


