back

ထိုင်းနိုင်ငံတွင် ကျောက်ဖယားမြစ် ရေတံခါးမှ ရေထုတ်လွှတ်မှု တိုးမြှင့်လိုက်၍ ကျောက်ဖယားမြစ်တစ်လျှောက် ရေတက်လာနိုင်ကြောင်း သတိပေး

Nov 10 • 2:31 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ကျောက်ဖယားမြစ် ရေတံခါးမှ ရေထုတ်လွှတ်မှု တိုးမြှင့်လိုက်၍ ကျောက်ဖယားမြစ်တစ်လျှောက် ရေတက်လာနိုင်ကြောင်း သတိပေး

ရေစီးဝင်မှုများ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ချိုင်နတ်ခရိုင်ရှိ ကျောက်ဖယားမြစ်ရေတံခါးမှ ရေထုတ်လွှတ်မှုနှုန်းကိုနိုဝင်ဘာ ၉ ရက်တွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂,၇...

ရေစီးဝင်မှုများ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ချိုင်နတ်ခရိုင်ရှိ ကျောက်ဖယားမြစ်ရေတံခါးမှ ရေထုတ်လွှတ်မှုနှုန်းကိုနိုဝင်ဘာ ၉ ရက်တွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂,၇၅၀ မှ ၂,၈၀၀ အထိ တိုးမြှင့်ခဲ့သည်။ ယခုကဲ့သို့ ရေထုတ်လွှတ်မှု မြန်ဆန်လာခြင်းကြောင့် ထိုင်းနိုင်ငံ အလယ်ပိုင်း လွင်ပြင်ဒေသရှိ မြစ်ကမ်းပါးနိမ့်ကျသော နေရာများနှင့် မြစ်လက်တက်များအနီးရှိ ခရိုင်များတွင် ရေလွှမ်းမိုးမှု သို့မဟုတ် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်ပြီး၊ အထူးသဖြင့် အယုဒ္ဓယ၊ အန်ထောင်း၊ စင်ဘူရီ၊ လော့ဘူရီ၊ ပထုန်ဌာနီနှင့် နွန်ထဘူရီ ခရိုင်များကို ပိုမိုသတိထားရန် လိုအပ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက သတိပေးထားသည်။

news-view-count-icon

24