back

အမေရိကန်တွင် အစိုးရယန္တရား ရပ်ဆိုင်းမှုဒုတိယရက်တွင် လေကြောင်းခရီးစဉ် ၁၄၀၀ ကျော် ဖျက်သိမ်း

Nov 10 • 2:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်တွင် အစိုးရယန္တရား ရပ်ဆိုင်းမှုဒုတိယရက်တွင် လေကြောင်းခရီးစဉ် ၁၄၀၀ ကျော် ဖျက်သိမ်း

အမေရိကန်ပြည်ထောင်စုတွင် အစိုးရယန္တရား ရပ်ဆိုင်းနေမှု ဆက်လက်ဖြစ်ပေါ်နေပြီးနောက် လေကြောင်းလိုင်းများအား ခရီးစဉ်များကို လျှော့ချထားရန် ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွ...

အမေရိကန်ပြည်ထောင်စုတွင် အစိုးရယန္တရား ရပ်ဆိုင်းနေမှု ဆက်လက်ဖြစ်ပေါ်နေပြီးနောက် လေကြောင်းလိုင်းများအား ခရီးစဉ်များကို လျှော့ချထားရန် ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) မှ အသိပေးခဲ့ရာ နိုဝင်ဘာ ၉ ရက်နေ့က ပြည်တွင်းနှင့် ပြည်ပလေယာဉ်ခရီးစဉ်ပေါင်း ၁၄၀၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် လစာမရဘဲ အလုပ်လုပ်နေရသော လေကြောင်းထိန်းသိမ်းရေးမှူးများ ပင်ပန်းနွမ်းနယ်နေခြင်းကြောင့် အလုပ်အများဆုံးလေဆိပ် ၄၀ တွင် လေကြောင်းခရီးသွားလာမှု ၁၀ ရာခိုင်နှုန်း လျှော့ချရန် FAA က ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းအခြေအနေကြောင့် လေယာဉ်ခရီးစဉ် ၆၀၀၀ လည်း နောက်ကျခဲ့ပြီး၊ စောင့်ဆိုင်းရချိန် အကြာဆုံး လေဆိပ်များအနက် နယူးဂျာစီမြို့မှ နိုင်ငံတကာလေဆိပ်သည် ဆိုက်ရောက်လေယာဉ်များ ၄ နာရီအထိ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်က စတင်ခဲ့သည့် အစိုးရယန္တရား ရပ်ဆိုင်းမှုသည် စနေနေ့တွင် ၃၉ ရက်သို့ ရောက်ရှိလာခဲ့ပြီး ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ် နိုင်ငံရေးသမားများကြား အဆုံးသတ်နိုင်ရေး ဆုံးဖြတ်ချက်မရဘဲ နှစ်ခြမ်းကွဲနေဆဲ ဖြစ်သည်။

news-view-count-icon

28