back

စိတ်ကျန်းမာရေး ထိခိုက်မှုကြောင့် ဒိန်းမတ်တွင် ၁၅ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်မည်

Nov 10 • 2:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

စိတ်ကျန်းမာရေး ထိခိုက်မှုကြောင့် ဒိန်းမတ်တွင် ၁၅ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်မည်

ဒိန်းမတ်အစိုးရသည် အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာ သုံးစွဲခြင်းကို ပိတ်ပင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် မတ်တီဖရက်ဒရစ...

ဒိန်းမတ်အစိုးရသည် အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာ သုံးစွဲခြင်းကို ပိတ်ပင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် မတ်တီဖရက်ဒရစ်ဆင်က ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်သည့်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဤဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဝန်ကြီး ကာရိုလင်းအော်လ်ဆန်က လူမှုမီဒီယာများသည် ဒိန်းမတ်ကလေးငယ်များ၏ အချိန်၊ ကလေးဘဝနှင့် ကျန်းမာရေးတို့ကို ခိုးယူနေသည်ဟု ပြောဆိုခဲ့ပြီး ယင်းအစီအစဉ်ကို ဒိန်းမတ်လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ အများစုက ထောက်ခံထားသည်။ ဒိန်းမတ်ကလေးများ အများဆုံးသုံးစွဲသည့် လူမှုမီဒီယာများမှာ YouTube၊ Instagram နှင့် TikTok တို့ဖြစ်ကြောင်း သိရသည်။

news-view-count-icon

24