BBC သတင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီး နှင့် အမှုဆောင်အရာရှိချုပ် ဒက်ဘိုရာ တားနက်စ် တို့သည် ယမန်နှစ်က ထုတ်လွှင့်ခဲ့သည့် ဒေါ်နယ်ထရမ့်နှင့် ပတ်သက်သော မှတ်တမ်းရုပ်ရှင် (Panorama: Trump: A Second Chance?) တစ်ခုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ ယင်းမှတ်တမ်းရုပ်ရှင်တွင် ထရမ့်၏ မိန့်ခွန်းနှစ်ပိုင်းကို ပေါင်းစပ်တည်းဖြတ်ထားခြင်းကြောင့် ၂၀၂၁ ခုနှစ် ကက်ပီတောလ်ဟေးလ် အဓိကရုဏ်းများကို ထရမ့်က အားပေးခဲ့သကဲ့သို့ ပုံပေါ်စေခဲ့ကြောင်း The Telegraph သတင်းစာက ဝေဖန်ခဲ့သည်။ တင်မ်ဒေးဗီးနှင့် ဒက်ဘိုရာ တားနက်စ်တို့ နှစ်ဦးစလုံးက အမှားအယွင်းရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး အဆုံးစွန်သော တာဝန်ကို ယူခဲ့သည်ဟု ပြောဆိုခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတို့၏ ရာထူးမှ နုတ်ထွက်မှုများကို ကြိုဆိုခဲ့ကြောင်း သိရသည်။
နယ်ထရမ့်မှတ်တမ်းရုပ်ရှင်ကြောင့် BBC ညွှန်ကြားရေးမှူးချုပ်နှင့် အမှုဆောင်အရာရှိချုပ် ရာထူးမှ နုတ်ထွက်
Nov 10 • 2:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


