back

ကနေဒါ-အမေရိကန် စီးပွားရေးဆက်ဆံမှု ပြီးဆုံးဟု ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ ပြောကြား

Nov 10 • 2:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကနေဒါ-အမေရိကန် စီးပွားရေးဆက်ဆံမှု ပြီးဆုံးဟု ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ ပြောကြား

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) သည် နိုဝင်ဘာ ၇ ရက်နေ့က တိုရွန်တိုမြို့တွင် ပြုလုပ်သည့် မိန့်ခွန်းပြောကြားပွဲ၌ ကနေဒါနှင့် အမေရိကန်အကြား ဆယ်စုနှစ်များစ...

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) သည် နိုဝင်ဘာ ၇ ရက်နေ့က တိုရွန်တိုမြို့တွင် ပြုလုပ်သည့် မိန့်ခွန်းပြောကြားပွဲ၌ ကနေဒါနှင့် အမေရိကန်အကြား ဆယ်စုနှစ်များစွာကြာ ရင်းနှီးခဲ့သော စီးပွားရေးဆက်ဆံမှု ပြီးဆုံးသွားပြီဟု အလေးပေးပြောကြားခဲ့သည်။ ၎င်းက ကမ္ဘာကြီးသည် "အန္တရာယ် ပိုများပြီး ပိုမိုကွဲပြားလာနေပြီ" ဖြစ်ကြောင်းနှင့် လတ်တလော အခွန်တိုးမြှင့်မှုများသည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးအတွက် "ကူးပြောင်းခြင်း မဟုတ်ဘဲ ပျက်ကွက်သွားခြင်း" သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ကာနီက ကနေဒါနိုင်ငံသားများအား အတိတ်ကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့ပြီး အမေရိကန်ဈေးကွက်အပေါ် မှီခိုမှုကို လျှော့ချခြင်းသည်သာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု၏ အုတ်မြစ်ဖြစ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

news-view-count-icon

35