ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ပြည်သူများသည် “ထရမ့် ထွက်သွား” ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ ဆန္ဒဖော်ထုတ်သူများသည် National Mall မှ စတင်ကာ လွှတ်တော်အထိ ချီတက်ခဲ့ကြပြီး “ထရမ့် ထွက်သွား” ဟု ရိုက်နှိပ်ထားသည့် စာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်ပွဲကို ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တန်းတူအခွင့်အရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ပါဝင်သူအချို့က သမ္မတထရမ့်ကို အာဏာမှ မဖယ်ရှားမချင်း ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

Nov 09 • 8:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


