ရုရှားတပ်ဖွဲ့များသည် နိုဝင်ဘာလ ၈ ရက် ညပိုင်းက ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို ဒရုန်းနှင့် ဒုံးကျည် ရာပေါင်းများစွာဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ Dnipro မြို့ရှိ တိုက်ခန်းအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သလို Zaporizhzhia တွင်လည်း ၃ ဦး သေဆုံးခဲ့သည်။ တိုက်ခိုက်မှုကြောင့် မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းနိုင်ငံတစ်ဝန်းရှိ နေရာ ၂၅ ခု ထိမှန်ကာ လျှပ်စစ်မီးနှင့် အပူပေးစနစ်များ ပြတ်တောက်ခဲ့သည်။ ယူကရိန်းလေတပ်က ရုရှားသည် ဒရုန်း ၄၅၀ ကျော်နှင့် ဒုံးကျည် ၄၅ စီး ပစ်လွှတ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဒုံးကျည် ၉ စီးနှင့် ဒရုန်း ၄၀၆ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

Nov 09 • 8:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 39 | 0 | 0 | 0 |


