back

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ စပါးခင်းများ ရိတ်သိမ်းချိန်ကျော်လွန်သော်လည်း နယ်မြေမတည်ငြိမ်၍ လုပ်ငန်းမလုပ်နိုင်သေး

Nov 09 • 8:08 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ စပါးခင်းများ ရိတ်သိမ်းချိန်ကျော်လွန်သော်လည်း နယ်မြေမတည်ငြိမ်၍ လုပ်ငန်းမလုပ်နိုင်သေး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ စပါးခင်းအများစုသည် ရိတ်သိမ်းချိန်ကို တစ်ပတ်ထက်မနည်း ကျော်လွန်နေပြီဖြစ်သော်လည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် ဒေသခံတ...

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ စပါးခင်းအများစုသည် ရိတ်သိမ်းချိန်ကို တစ်ပတ်ထက်မနည်း ကျော်လွန်နေပြီဖြစ်သော်လည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် ဒေသခံတောင်သူများအနေဖြင့် ရိတ်သိမ်းမှုများ မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ရွာများ မီးလောင်နေခြင်းတို့ကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများပြားနေကာ ရာပေါင်းများစွာသော စပါးစိုက်ခင်းများကို မရိတ်သိမ်းနိုင်သေးဘဲ ရှိနေသည်။ လက်ရှိတွင် ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်မှ စပါးခင်းအချို့ကိုသာ လူအင်အားဖြင့် အလျင်အမြန် ရိတ်သိမ်းနိုင်နေပြီး၊ ရိတ်သိမ်းချိန်ကျော်လွန်နေသည့် စပါးခင်းပေါင်း ၃၀၀ နီးပါး ရှိသည့်အပြင် တချို့စိုက်ခင်းများမှာ ခိုးယူရိတ်သိမ်းခံရမှုများလည်း ရှိနေကြောင်း ဒေသခံတောင်သူများက ပြောကြားခဲ့သည်။

news-view-count-icon

17