back

မုတ်သုံဝင်ရောက်ချိန်၌ဒေသအများစု၌ မိုးပိုနိုင်ပြီး နေ့ပျှမ်းမျှအပူချိန်ခန့်သာရှိနိုင်ဟုဆို

May 12 • 11:15 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံဝင်ရောက်ချိန်၌ဒေသအများစု၌ မိုးပိုနိုင်ပြီး နေ့ပျှမ်းမျှအပူချိန်ခန့်သာရှိနိုင်ဟုဆို

မုတ်သုံဝင်ရောက်ချိန်၌ ဒေသအများစု၌ မိုးပိုနိုင်ပြီး နေ့ပျှမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချ...

မုတ်သုံဝင်ရောက်ချိန်၌ ဒေသအများစု၌ မိုးပိုနိုင်ပြီး နေ့ပျှမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရသိရသည်။အနောက်တောင်မုတ်သုံလေသည် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများသို့လည်းကောင်း၊ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များသို့လည်းကောင်း အသီးသီး၀င်ရောက်နိုင် ကြောင်းသိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။

news-view-count-icon

10