စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ)များ ယခင်နှစ်များထက် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို နိုဝင်ဘာလ ကုန်နှင့် ဒီဇင်ဘာလပထမပတ်အတွင်း စတင်စိုက်ပျိုးကြပြီး ဧပြီလနှင့်မေလတွင် ရိတ်သိမ်းကြရာ ယခု နှစ်တွင် ယခင်နှစ်များထက် ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး တစ်မြို့နယ်ထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၆၄.၅)တင်း ထွက်ရှိခဲ့သည်။



